
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ်(၁၀၇၅/၂၀၁၆) ဖြင့် CMP စနစ် တစ်ပိုင်း တစ်စသိုးမွှေးထည်နှင့် သိုးမွှေးထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြေကွက်အမှတ်-၉၅ + ၉၆က၊ မြေတိုင်းရပ်ကွက် အမှတ်-၁၄ ရွှေသံလွင်စက်မှုဇုန်ရှိ Myanmar Allin Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုထည့်ဝင်မှုအခြေအနေ၊ ပြည်တွင်း၊ ပြည်ပ ဝန်ထမ်းခန့်ထားမှု အခြေအနေ၊ စက်ပစ္စည်းတင်သွင်း၊ တပ်ဆင်ထားမှုအခြေအနေ၊ ကုန်ပစ္စည်း ထုတ်လုပ်နိုင်ရေးနှင့် ဝန်ဆောင်မှု ဆောင်ရွက်ထားရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေ တို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
