
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမို ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေရှိ ယမုံနာဦးဟိုတယ်၌ ဧရာဝတီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ ကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
အဆိုပါပြပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနှင့် အလားအလာများ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတို့ကို သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများမှ တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေး မည်ဖြစ်ပြီး တက်ရောက်သူများအနေဖြင့် တိုက်ရိုက် မေးမြန်းရှင်းလင်း ပြောကြားနိုင်မည့် အခွင့် အလမ်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ တက်ရောက်လိုပါက click here မှတဆင့် စာရင်းပေးသွင်းနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။