
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ကြီးမှူး၍ New Starlight Group of Companies ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် မန္တလေးမြို့ရှိ Mandalay Convention Center ၌ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
အဆိုပါဖိုရမ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနှင့် အလားအလာများ၊ စားသောက်ကုန်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ကုန်သွယ်ရေးဆိုင်ရာမူဝါဒများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေစသည်တို့ကို သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများမှ တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးမည်ဖြစ်ပြီး တိုက်ရိုက်မေးမြန်း ရှင်းလင်း ပြောကြားနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ဆွေးနွေးပွဲသို့ ပါဝင်၍ တက်ရောက်လိုပါက www.mandalaybusinessforum.com သို့ဝင်ရောက်၍ စာရင်းပေးသွင်းနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ လိပ်စာများအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်-
| မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ | မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် |
| ၂၆ x ၂၇ လမ်းကြား၊၈၄လမ်း၊ စျေးချိုမြောက်ဘက်တိုက်တန်း၊တတိယထပ်၊ချမ်းအေးသာဇံမြို့နယ် မန္တလေးတိုင်းဒေသကြီး။ဖုန်း – ဝ၂-၄၀၈၆၆၆၁၊ ဖက်စ်- ၀၂-၄၀၈၆၆၆၀ | အမှတ်(၁)၊သစ္စာလမ်း၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။ဖုန်း-၀၁ ၆၅၈၁၃၂ဖက်စ်- ၀၁ ၆၅၈၁၄၃ |
| info@mandalaybusinessforum.com mdybusinessforum1@gmail.com www.mandalaybusinessforum.com | info@mandalaybusinessforum.com mdybusinessforum2@gmail.com www.mandalaybusinessforum.com |