
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျှက်ရှိသော မြေကွက် အမှတ်-၂၀ နှင့် ၂၁ အပြင် ၂၁ နှင့် ၂၂ အကြား၊ သီလဝါ ဆိပ်ကမ်းဒေသ၊ ရန်ကုန်တိုင်းဒေသကြီးရှိ Wilmar Myanmar Port Terminals(Thilawa) Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ စက်ပစ္စည်း တင်သွင်းတပ်ဆင်ထားမှု အခြေအနေ၊ ပြည်တွင်း/ ပြည်ပ ဝန်ထမ်းခန့်ထားမှုအခြေအနေ၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေ အနေတို့ကို (၈-၁၂-၂၀၁၇) နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။