CLMV-T EXECUTIVE PROGRAM ON NEW ECONOMY သို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်သည် အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဆန်းထွန်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသိန်းဆွေတို့နှင့်အတူ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်သည့်  CLMV-T Executive Program on New Economy  သို့ တက်ရောက်လျက်ရှိပါသည်။