
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ဂျပန်အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ ” The Project on Enhance-ment of Investment Promotion and Export Development” ၏ အပိုင်းတစ်ရပ်အရ ရေးဆွဲ ထားသော OSS Standard Operating Procedures နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် SOP မူကြမ်းအပေါ် ရှင်းလင်းဆွေးနွေးခြင်းနှင့် OSS မှ ဆောင်ရွက် ပေးနေသော ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေးတို့ကို ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ OSS အဖွဲ့ဝင်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများအပါအဝင် စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

