
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM)၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (အိုအီးစီဒီ)နှင့် ဂျပန်နိုင်ငံအစိုးရတို့၏ ပူးပေါင်း ဆောင်ရွက်မှု ဖြင့် OECD-Myanmar Corporate Governance Reform Program ဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၈ခုနှစ်မတ်လ ၂၉ ရက်နေ့တွင် Pan Pacific Hotel၊ ရန်ကုန်မြို့၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးအား ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု မူဘောင်ဖွံ့ဖြိုး တိုးတက်ရေး ရရှိရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြရန်၊ ငွေကြေးစျေးကွက်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်မှုများတိုးတက်စေရန်နှင့် မြန်မာနိုင်ငံ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု တိုးတက်စေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
OECD-Myanmar Corporate Governance Reform Program ဆိုင်ရာဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ ဦးအောင်နိုင်ဦး၊ ဂျပန်နိုင်ငံ၊ အီတလီနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဟောင်ကောင်၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ Finance Watch၊ SokSiphana & Associates၊ Transparency International Cambodia နှင့် OECDမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာန/ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ စာရင်းဝင် ကုမ္ပဏီများ၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီများ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ ဖြစ်လာရန် အလားအလာရှိသော ကုမ္ပဏီကြီးများ၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ ကိုယ်စားလှယ်များ၊ ဤဦးစီးဌာနရုံးချုပ်ရှိ ဌာနခွဲများမှ အရာထမ်းများ စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
OECD – Myanmar Corporate Governance Reform Program ဆိုင်ရာ ဆွေးနွေးပွဲတွင် အီတလီနိုင်ငံ၊ Assonime မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Marcello Bianchi က ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် စပ်လျဉ်း၍ OECD ၏ အခန်းကဏ္ဍကိုလည်းကောင်း၊ OECD မှ Investment Policy Reviews ဆိုင်ရာတာဝန်ခံ Mr. Stephen Thomsen က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ Global Agenda နှင့်ပတ်သက်၍ မြန်မာကုမ္ပဏီများ အပေါ် သက်ရောက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးအစည်းအဝေးကိုမွန်းလွဲ (၁၂:၁၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
