PILOT PROGRAM ON INVESTMENT ACTUALIZATION SUPPORT (INVESTMENT ACTUAL SERVICES -IAS) နှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ခွင့်ပြုမိန့်ရရှိပြီး နောက်ပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့် Investment Actualization Support (IAS) နှင့် စပ်လျဉ်း၍ ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်အား  ၂၀၁၈ ခုနှစ်  အောက်တိုဘာလ  ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အမှတ်-၈၅/ကံဘဲ့၊ စိမ်းလဲ့မေ လမ်းသွယ်၊ ကမ္ဘာအေးလမ်းမကြီး၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ Asia Development Bank (ADB) တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲနှင့် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးဌာနခွဲမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသန်းအောင်ကျော်မှ အဖွင့်အမှာစကား ပြောကြားပြီး ADB – Southeast Asia Department မှ Senior Trade Specialist Ms. S. Sasradipoera မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ADB မှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ် များမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ခွင့်ပြုမိန့် ရရှိပြီးနောက်ပိုင်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ နိဂုံးချုပ်အမှာစကားအား ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ ပြောကြားခဲ့ပါသည်။