
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ (၂၅) နှစ်မြောက် ငွေရတုဌာန နှစ်ပတ်လည်နေ့ နေ့ဆွမ်း ဆက်ကပ်ခြင်းအခမ်းအနားကို ၂၀၁၈ခုနှစ်၊ အောက် တိုဘာလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းအမှုထမ်းများ တက်ရောက် ကြည်ညို ခဲ့ကြပါသည်။
အခမ်းအနားတွင် သုခိတာရာမ (ယဉ်ငေး)ကျောင်းပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာ သာသနာ ပြုဆရာတော် ဦးဣန္ဒကထံမှ ညွှန်ကြားရေးမှူးချုပ် အမှူးပြုသော ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြပြီး ပရိတ်တရားတော်များနာကြားကြပါသည်။ ထို့နောက် ဆရာတော် ဦးဣန္ဒကထံ မှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။
အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများမှ ကြွရောက်တော်မူကြသည့် သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။


