
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မန္တလေးတိုင်းဒေသကြီး စီးပွာရေး ဖိုရမ် ၂၀၁၈ အတွက် စီစဉ်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးကွန်ဗင်းရှင်း စင်တာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ဖိုရမ်နှင့်စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး စီးပွာရေး ဖိုရမ် ၂၀၁၈ သည် မန္တလေးတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်မှု အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ သတင်းမီဒီယာ (၂၁) ခုမှ သတင်းထောက်များအပါအဝင် စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ပြီး သတင်းမှတ်တမ်း ရယူခဲ့ကြပါသည်။
