
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ပြပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် ၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ တနင်္သာရီတိုင်းဒေသကြီး သဘာဝသံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဝန်ကြီး ဦးမြင့်မောင် နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် တို့မှ အဖွင့်အမှာ စကားပြောကြား ခဲ့ပါသည်။ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ ပြပွဲခင်းကျင်း ထားမှုကို လိုက်လံကြည့်ရှုခဲ့ပါသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖော်ဆောင်နိုင်ရေးအတွက် တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ ကျွန်းပတ်လည်အား လေ့လာကြည့်ရှုခဲ့ပါသည်။
ဒုတိယနေ့ ပြပွဲ အစီအစဉ်အား ၂၀၁၈ ခုနှစ် မတ်လ၂၅ ရက်နေ့တွင် ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


