
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များကို ပိုမိုဆွဲဆောင်နိုင်စေရန်အတွက် Japan Chamber of Commerce and Industry, Myanmar (JCCM) ၏ အစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့၊ မွန်းလွဲ ၁၆၀၀ နာရီတွင် Novotel Hotel၊ ရန်ကုန်မြို့၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့်ပတ်သတ်၍ ဆွေးနွေးပွဲတစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E Mr. Ichiro Maruyama မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းမှ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် အခြေအနေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပြုပြုပြောင်းလဲမှုအခြေအနေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အခြေအနေ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ တာဝန် ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် Japan Chamber of Commerce and Industry, Myanmar (JCCM) နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်နေ ကြသည့် ဂျပန်ရင်းနှီးမြုပ်နှံသူများ စုစုပေါင်း (၁၀၀) ခန့် တက်ရောက်ခဲ့ပါ သည်။

