
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် ကော်မတီအဖွဲ့အဝင်များ တက်ရောက် ခဲ့ပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများမှတင်ပြလာသည့် အတည်ပြု လျှောက်ထားလွှာများကို ဆွေးနွေးခဲ့ပြီး အသားငါးစည်သွပ်ဘူး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း(၁)ခုအား အတည်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်း၏ ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂.၀၂၇၈ သန်းနှင့် ဒေသခံလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၅၆ နေရာဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
