KAYIN STATE INVESTMENT PROMOTION STRATEGY (DRAFT) ရေးဆွဲမှု အပြီးသတ် အစည်းအဝေးကျင်းပ

Print Friendly, PDF & Email

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဗဟာဗျူဟာရေးဆွဲရေးလုပ်ငန်းအဖွဲ့နှင့် Dana Facility တို့၏ Kayin State Investment Promotion Strategy (Draft) ရေးဆွဲမှု အပြီးသတ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်  ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကရင် ပြည်နယ် ဦးစီး မှူးရုံး အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဗဟာဗျူဟာရေးဆွဲရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။

အဆိုပါအစည်းအဝေးတွင် Dana Facility က တင်ပြလာသော Kayin State Investment Promotion Strategy (Draft) ရေးဆွဲထားရှိမှုနှင့်ပတ်သက်၍ အပြီးသတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။