
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးအား၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် Video Conference စနစ်ဖြင့်ကျင်းပခဲ့ရာဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကော်မတီဝင်များနှင့် အထူးဖိတ်ကြားထားသောသက်ဆိုင်ရာတိုင်းအဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးမှ ပဲခူးတိုင်းဒေသကြီးအတွင်းလုပ်ငန်းဆောင်ရွက်နေသောကုမ္ပဏီများ၏ အခြေအနေများအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ ခွင့်ပြုမိန့်ရယူကာပဲခူးတိုင်းဒေသကြီးအတွင်းစက်မှုဥယာဉ်တည်ထောင်ငှားရမ်းခြင်း၊ အော်ဂဲနစ်မြေသြဇာထုတ်လုပ်ရောင်းချခြင်း၊ ပြောင်းမျိုးစေ့ထုတ်လုပ် ရောင်းချခြင်းနှင့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သဘောထားမှတ်ချက်ပြန်ကြားပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
