
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် လှိုင်သာယာမြို့နယ်တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော TYTC Services Co., Ltd.၊ Oumi Fashion (Myanmar) Co., Ltd.၊ Charming Garment Manufacturing Co., Ltd. တို့အား Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြုလိုက်နာ ရမည့်အချက်များအား လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် video conferencing system အသုံးပြု၍ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။