
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရန်အတွက် industrial zone database အကောင်အထည်ဖော် ဆောင်ရွက်နေသော Hlan Chi Programme Team နှင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် Video Conferencing System အသုံးပြု၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။