
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ရွှေပြည်သာမြို့နယ် တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော Myanmar Xiang Rui Fashion Limited ၊ Fidelity Garment Manufactory International Limited၊ Golden Trogon Industry Company Limited (ရွှေဇာမဏီ စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်)၊ Myanmar Chaofa Leatherware Limited၊ Kanaan International Company Limited တို့အား Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ် သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့် အချက်တို့အား လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် video conferencing system အသုံးပြု၍ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။