VIDEO CONFERENCING စနစ်ဖြင့် BONDED WAREHOUSE လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးရဲမင်းဦး ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး Bonded Warehouse လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် အဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing System အသုံးပြု၍ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ Bonded Warehouse လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ Bonded Warehouse လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုကို စိစစ်နိုင်ရန် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။