
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ နည်းပညာဆိုင်ရာအကူအညီများ ပေးလျက်ရှိသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ အကူအညီအထောက် အပံ့ပေးသည့် အစီအစဉ်များမထပ်စေရန်၊ ပိုမိုထိရောက်စေရန်နှင့် ဌာန၏လိုအပ်ချက်များနှင့် ညီညွတ်မှုရှိစေရန်ရည်ရွယ်လျက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် အစည်းအဝေးတစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည် ၁၄ ၀၀ နာရီ မှ နေ့လည် ၁၆ ၀၀ နာရီထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများအပါအဝင် မြန်မာ့စီးပွားရေးဝန်းကျင် တိုးတက်စေရန်နှင့် DICA ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြသော ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဩစတြေးလျသံရုံး၊ တရုတ်သံရုံးနှင့် ကိုရီးယားသံရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူနှင်းဝတ်ရည်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်စီမံကိန်းများနှင့် ထပ်မံအဆိုပြုလိုသည့် စီမံကိန်းများကိုလည်းကောင်း၊ JICA မှ Mr. Kazuo Mishima က DICA Capacity Development Plan for Investment Promotion ကို လည်းကောင်း၊ Ms. Miriam Lindwer, MDF Asia Myanmar Office မှ Director နှင့် Senior Management Consultant ဖြစ်သူ Ms. Miriam Lindwer က ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ဖြေကြားထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ အကူအညီများပေးနေမှုနှင့်စပ်လျဉ်း သည့် Mapping Survey ရလဒ်မျာကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အနာဂတ်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
