SHANGRI-LA YANGON LIMITED မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် Shangri-La Yangon Limited မှ ဥက္ကဋ္ဌ ဖြစ်သူ Mrs. Kay Kuok Oon Kwong  နှင့်အဖွဲ့အား ရန်ကုန်မြို့၌ ၂၀၁၉ ခုနှစ်  နိုဝင်ဘာလ ၂၉ ရက်နေ့တွင်  လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။