မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား အသိပညာမျှဝေခြင်း အခမ်းအနား နေပြည်တော်တွင် ကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)   ဦးစီးမှူးရုံးမှ “မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား အသိပညာ မျှဝေခြင်း’’ အခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နေပြည်တော် ဦးစီးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် နေပြည်တော်ဦးစီးမှူးရုံး၏ တာဝန်ခံအရာရှိ ဒေါ်ဖြိုးပွင့်ဟန်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကုမ္ပဏီများဉပဒေ (၂၀၁၇)အား ရှင်းလင်း ပြောကြားခြင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးက အီလက်ထရောနစ်ကုမ္ပဏီ မှတ်ပုံတင်စနစ်(MyCO) အကြောင်းအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စီးပွားရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံကုမ္ပဏီများဉပဒေ(၂၀၁၇)၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း(MyCO) နှင့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် အချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။