
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် နိုင်ငံတကာ အရည်အသွေးမီ ပါရှီးငှက်ပျော စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကချင်တိုင်ဟုကုမ္ပဏီလီမိတက်သို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။
အဆိုပါအဖွဲ့သည် ကုမ္ပဏီ၏ ခွင့်ပြုမိန့် ရရှိပြီးနောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
