မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ခေတ္တဥက္ကဋ္ဌ  မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူနှင့် အခြားအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးမှ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက်ထားလွှာ (၁) ခုကို စိစစ်ဆွေးနွေးခွင့်ပြုခဲ့ပါသည်။