
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ဆဌမအကြိမ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အခမ်းအနားသို့ မင်္ဂလာဒုံမြို့နယ်၊ သုခိတာရာမ (ယဉ်ငေး) ကျောင်းတိုက်မှ ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြပါသည်။
စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ သုခိတာ ရာမ (ယဉ်ငေး) ကျောင်းပရိယတ္တိ – ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာ သာသနာပြုဆရာတော် ဦးက္ကုန္ဒကထံမှ ညွှန်ကြားရေးမှူးချုပ် အမှူးပြုသော ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ပရိတ်တရားတော်များ နာကြားကြပြီး ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပါသည်။
ထို့နောက် သုခိတာရာမ (ယဉ်ငေး) ကျောင်းပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာ သာသနာ ပြုဆရာတော် ဦးက္ကုန္ဒကထံမှ ကထိန်အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများမှ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ဆဌမအကြိမ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ရုံး/ဌာနများမှ ပဒေသာပင် စုစုပေါင်း (၉) ခု၊ တန်ဖိုးငွေကျပ် ၄,၉၆၅,၀၀၀/- ပါဝင်လှူဒါန်းခဲ့ကြပါသည်။



