
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံး၏ ရုံးအဆောက်အဦအသစ် ဖွင့်ပွဲ အခမ်း အနားအား (၂၁-၁၁-၂၀၁၉) ရက်နေ့ နံနက် (၀၈:၀၀) နာရီတွင် ဘားအံမြို့၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်တို့မှ ရုံးအဆောက် အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးသည် ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်တွင် တည်ရှိပြီး ကရင်ပြည်နယ်အတွင်း ဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား လက်ခံစိစစ်ခြင်း၊ ကုမ္ပဏီ မှတ်ပုံတင်ခြင်းစသည့် လုပ်ငန်းများ အား ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

