
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် Organization for Economic Co-operation and Development (OECD) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် OECD Investment Policy Reviews of Myanmar နှင့်စပ်လျဉ်းသည့် တတိယအကြိမ် Task force အစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် Hilton Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် OECDမှ head of Investment Policy Reviews ဖြစ်သူ Mr. Stephen Thomsen တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် Mr. Stephen Thomsen က “Investment Policy” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Ms. Iris Mantovani က “Special FDI qualities: examining the impact of FDI” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ OECD မှ Policy Analyst ဖြစ်သူ Mr. Fernando Mistura က “Infrastructure Connectivity ” နှင့် “ Fostering Secure and Well-defined Land Rights” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ Green Growth expert ဖြစ်သူ Ms. Naeeda Crishna Morgado က “Investment Framework for Green Growth” ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။ Task force အဖွဲ့ဝင်များက အဆိုပါ ဆွေးနွေးချက်များအပေါ် အမြင်ချင်းဖလှယ် ပြန်လည်ဆွေးနွေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ OECD မှ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်မျာအသင်းချုပ်နှင့်Green Economy Green Growth မှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) ဦးခန့်တက်ရောက်ခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၁၂:၃၀ နာရီတွင် ပိတ်သိမ်းခဲ့ပါသည်။