
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက အားပေးမြင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ပူးပေါင်း၍ Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) ၏ ပါဝင်ကူညီမှုဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ၌ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။
အဆိုပါဖိုရမ်တွင် ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများမှ တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးမည်ဖြစ်ပြီး တိုက်ရိုက်မေးမြန်း ရှင်းလင်း ပြောကြားနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ဆွေးနွေးပွဲသို့ ပါဝင်၍ တက်ရောက်လိုပါက www.shanstateinvestmentforum2019.com တွင်ဝင်ရောက်၍ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ လိပ်စာများအတိုင်း ဆက်သွယ်မေးမြန်းနိုင် ပါကြောင်း အသိပေးကြေငြာအပ်ပါသည်-
| ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ | မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် |
| အဝေရာမီးပုံပျံကွင်းလမ်း၊ ကျောင်းကြီးစုရပ်ကွက်၊တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ဖုန်း – ဝ၈၁-၂၁၂၄၂၉၃၊ဖက်စ် -၀၈၁-၂၁၂၄၉၇၄ | အမှတ်(၁)၊သစ္စာလမ်း၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။ဖုန်း-၀၁ ၆၅၈၁၃၂ ဖက်စ်- ၀၁ ၆၅၈၁၄၃ |
| info@shanstateinvestmentforum2019.com www.shanstateinvestmentforum2019.com | info@shanstateinvestmentforum2019.com www.shanstateinvestmentforum2019.com |