ပုဂံသံတဲအုပ်စု ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာထူးမင်းသိမ်း ဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ ခွင့်ပြုမိန့်ဖြင့် သံတွဲမြို့နယ်၊ ရခိုင်ပြည်နယ်တွင် လုပ်ငန်းဆော‌င်ရွက်လျက်ရှိသည့် ပုဂံသံတဲအုပ်စု ကုမ္ပဏီလီမိတက်၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းသို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။