
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ UN University ရှိ ဦးသန့် အပြည်ပြည်ဆိုင်ရာ ခန်းမတွင် ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဖိုရမ်တွင် ASEAN Japan Center မှ Secretary General ဖြစ်သူ Mr. Masataka Fujita အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင် မှလည်း အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ပါသည်။


