ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် နေပြည်တော်၊ လယ်ဝေးမြို့၏အရှေ့ဘက် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်စီမံကိန်းရှိ B.O.T စနစ်ဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ခြင်းနှင့် လေဆိပ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျှက်ရှိသည့် ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီ လီမိတက်သို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် သွားရောက်၍ မြေပြင်ကွင်းဆင်းရာတွင် လုပ်ငန်းတိုးတက်မှု အခြေအနေများအပေါ် ဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပိုမိုအဆင်ပြေလွယ်ကူစေရေး အတွက် ဌာနများအကြားပေါင်းစပ်ညှိနှိုင်း ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။