
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စာရင်းအင်းဥပဒေ( အသစ်) နှင့် ဆိုင်သော ဆွေးနွေးပွဲတစ်ရပ်အား ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဗဟို စာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် စီးပွားရေးမူဝါဒများ ရေးဆွဲရာတွင် စာရင်းအင်းအချက်အလက်များ အရေးပါပုံကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး စာရင်းအင်းဥပဒေနှင့် ပတ်သက်သည်များကို အဓိကထားဆွေးနွေးခဲ့ပါသည်။ စာရင်း အင်း ဥပဒေအား ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် အတည်ပြုခဲ့ပြီး ဖြစ်ပြီး ဆွေးနွေးပွဲ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူ များ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။
