
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ ဘာသာစကား စွမ်းရည်တိုး တက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် တရုတ်ဘာသာစကား သင်တန်းဆင်းပွဲ အခမ်း အနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့နံနက်၁၀နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနား၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးယဉ်ကျေးမှုသံမှူးMr. Tian Shantingတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းမှာ ၃ လကြာမြင့်ခဲ့ပြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ပါသည်။
