
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံရှိ ထိုင်းရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း (Thailand Board of Investment) ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများကို လေ့လာရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆွေးနွေးပွဲ တက်ရောက်ရန် အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သွားရောက်လျက်ရှိပါသည်။
မတ်လ ၇ ရက်နေ့ တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သို့ National Economic and Social Development Board၊ Department of Business Development၊ Bank of Thailand နှင့် Customs Department တို့မှ ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ နိုင်ငံခြား ကုမ္ပဏီ ဖွဲ့စည်း မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ အကောက်ခွန် ကင်းလွတ်ခွင့်စနစ်များကို လာရောက် ဆွေးနွေး တင်ပြခဲ့ကြပါသည်။


