တတိယကြိမ်မြောက် အာဆီယံ-အိုအီးစီဒီ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဒေသတွင်း မူဝါဒရေးရာ ကွန်ယက်အစည်းအဝေးသို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် တတိယကြိမ်မြောက် အာဆီယံ-အိုအီးစီဒီ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒေသတွင်း မူဝါဒရေးရာ ကွန်ယက်အစည်းအဝေးနှင့် OECD ဝန်ကြီးအဆင့် ညီလာခံတို့သို့ တက်ရောက်လျက်ရှိပါသည်။