
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁၈ / ၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးမှ လုပ်ငန်းပေါင်း (၁၀) ခု ခွင့်ပြုပေးခဲ့ပြီး နိုင်ငံအတွက် အလုပ် အကိုင် အခွင့်အလမ်းပေါင်း (၈၀၀) နီးပါး ဖန်တီးပေးနိုင်မည်ဖြစ်သည်။ အဆိုပါခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများလည်း ပါဝင်ပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၁၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။