
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်း နှင့် စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းသည် International Finance Corporation (World Bank Group) အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများညွှန်ကြားမှု ဦးစီးဌာန၏ သက်ဆိုင်ရာ ဌာနခွဲ များမှ ဘာသာရပ်ဆိုင်ရာ အရာထမ်းများက တက်ရောက်၍ မြန်မာနိုင်ငံသို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ နည်းပညာနှင့် ငွေကြေးအကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များနှင့် ပရောဂျက် အဆိုပြုမှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြ ပါသည်။