
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာ-ဗြိတိန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်အတွက် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် အခြေခံအဆောက်အအုံကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၆ ရက်နေ့ တွင် လန်ဒန်မြို့ Stephenson Harwood ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် တို့သည် မြန်မာနိုင်ငံတွင် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့သည် အခြေခံ အဆောက်အအုံ လုပ်ငန်းများတွင် အထောက်အပံ့ ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြပါ သည်။