
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံရှိ ထိုင်းရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း (Thailand Board of Investment) ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက် များနှင့် အတွေ့အကြုံများကို လေ့လာရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆွေးနွေးပွဲ တက်ရောက်ရန် အတွက် ထိုင်းနိုင်ငံသို့ သွားရောက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၆ ရက်နေ့ နံနက်ပိုင်း တွင် ထိုင်းရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း (Thailand Board of Investment) သို့ သွားရောက်၍ အထွေထွေ အတွင်းရေးမှူးနှင့် တွေ့ဆုံခဲ့ပြီး ဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်မှုများအား လေ့လာခဲ့ပါသည်။
နေ့လည်ပိုင်းတွင် Industrial Estate Authority of Thailand သို့ သွားရောက် လေ့လာခဲ့ပါသည်။