
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာ- ကိုးရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမြှင့်တင်ရန်အတွက် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ Hyundai Motor Company၊ Pangyo Techno Valley နှင့် Hanam Starfield Shopping Mall တို့သို့ သွားရောက် လေ့လာ ခဲ့ပါသည်။
တာဝန်ရှိသူများမှ ၎င်းတို့လုပ်ငန်းများ၏ သမိုင်းကြောင်းနှင့် ထုတ်ကုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။


