
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

အသစ်ခန့်အပ်လိုက်သော ဝန်ထမ်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေ များ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး ထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် လက်တွေ့ ဆောင်ရွက် လျှက်ရှိသည့် လုပ်ငန်းစဉ်များအား အကျွမ်းတဝင်သိရှိစေရန် ရည်ရွယ်၍ ရက်သတ္တပတ် (၃)ပတ်ကြာ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၇) သင်တန်း ဆင်းပွဲ အခမ်းအနားကိုရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်၊ နေ့လည် ၁၃:၃၀နာရီတွင် ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦး တက်ရောက် ၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ပထမဆုရရှိသည့် ဦးသန်းဇော်အောင် (အကြီးတန်းစာရေး၊ ရင်းနှီးမြှုပ်နှံမှုဌာနခွဲ ၄ )၊ ဒုတိယဆုရရှိသည့် ဒေါ်မေဇင်ဦး (ဒုတိယဦးစီးမှူး၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံး)၊ တတိယဆုရရှိသည့် ဦးမျိုးမင်းသူ(ယာဉ်မောင်း ၅ ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး) တို့အားညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးမှလည်းကောင်း၊ သင်တန်းဆင်း အောင်လက်မှတ်များကိုသင်တန်းသား၊ သင်တန်းသူတစ်ဦးချင်းစီတို့အား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်သူဇာရွှေမှ လည်းကောင်းအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများအားလုံးကိုယ်စားပထမဆုရရှိသည့် ဦးသန်းဇော်အောင် (အကြီးတန်းစာရေး) မှ ကျေးဇူးတင် စကားပြောကြား၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးစုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ပါသည်။

