
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ခွင့်ပြုထုတ်ပေးခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြား ပြီး တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများနှင့် ဌာနခွဲများမှ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များနှင့်ပတ်သက်သည့် လုပ်ငန်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ခြင်း၊ နှစ်ရှည်မြေငှားရမ်းခြင်းနှင့် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ထုတ်ပေး ခြင်းနှင့် စပ်လျဉ်း၍ တွေ့ကြုံရသော အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ် များကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်မှ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပါသည်။
အစည်းအဝေးကို ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် တွဲဖက်အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ၊ (ရုံးချုပ် ) ဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် အမှုတွဲကိုင် အရာထမ်း စုစုပေါင်း ၆၁ ဦး တက်ရောက်ခဲ့ပါသည်။
