
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ကမ္ဘာ့ဘဏ်အုပ်စု၏ မန်နေဂျာများသင်တန်း၏ အစီအစဉ် အစိတ်အပိုင်း တစ်ရပ် ကို ၂၀၁၇ ခုနှစ် မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိNovotel Yangon Max Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲတွင် International Finance Corporation(IFC) မှ Senior Private Sector Specialist ဖြစ်သူMr. Charles Schneider အဖွင့်မိတ်ဆက် စကားပြောကြား ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ပြုပြင်ပြောင်းလဲမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာကိစ္စများကိုဆွေးနွေးပို့ချပေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ကမ္ဘာ့ဘဏ်အုပ်စုမှ မန်နေဂျာ (၂၀) ဦးကျော်ခန့် တက်ရောက် ခဲ့ပါသည်။

