
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး သည် သြစတြေးလျ၊ တရုတ်၊ ရုရှ၊ ကနေဒါ၊ တောင်အာဖရိက၊ ဗြိတန်၊ အစ္စရေး၊ ဆော်ဒီအာရေဗျနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၂၀) မှ ကိုယ်စားလှယ်(၃၀၀)ကျော်နှင့် အတူ အိန္ဒိယနိုင်ငံတွင် မတ်လ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် “Economic Times Global Business Summit 2017”သို့ တက်ရောက်လျက်ရှိပါသည်။
ညွှန်ကြားရေးမှူးချုပ်သည် ၂၀၁၇ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အဆိုပါ ထိပ်သီး ဆွေးနွေးပွဲ ၏ (BIMSTEC) session တွင် speaker အဖြစ် ပါဝင် ဆွေးနွေးမည်ဖြစ်ပါသည်။
ယင်း ထိပ်သီးဆွေးနွေးပွဲကို Economics Times နှင့် YES Bank တို့မှ ပံ့ပိုးကူညီခြင်း ဖြစ်ပါသည်။ BIMSTEC နိုင်ငံများအနေဖြင့် ယင်းတို့၏ အားသာချက်များ၊ စီးပွားရေး ဆိုင်ရာ ချဲ့ထွင်မှုများ၊ ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖလှယ်ဆွေးနွေးနိုင်သည့် အခွင့် အရေးကို ရရှိစေနိုင်သည့်အပြင် အိန္ဒိယနှင့် တကမ္ဘာလုံးရှိစီးပွားရေးလုပ်ငန်းများနှင့် တွေ့ဆုံ ဆောင်ရွက်နိုင်စေသည့် Platform တစ်ခုလည်းဖြစ်ပါသည်။



