
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်၊ ဒီဇင်ဘာလ ၂၇ ရက်
Yangon Amata Smart and Eco City စီမံကိန်းပန္နက်တင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ စီမံကိန်း ဧရိယာ၌ ကျင်းပပြုလုပ် ခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏COVID-19ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mrs. SuphatraSrimaitreephithak တို့ တက်ရောက်၍ အဖွင့်အမှာစကားများပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mrs. SuphatraSrimaitreephitak၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ ကြပါသည်။
Amata Smart and Eco Cityသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀ ရာခိုင်နှုန်းနှင့်Amata Asia (Myanmar) Limited က ၈၀ ရာခိုင်နှုန်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။စီမံကိန်းဧရိယာဖြစ်သည့် ဧက ၂၀၀၀ တွင်လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်များတည်ဆောက်ခြင်းတို့ ပါဝင်မည် ဖြစ်ပါသည်။ စီမံကိန်းပြီးစီးပါကအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃,၀၀၀ ကျော် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
Amata Smart and Eco City သည်စီမံကိန်းရေရှည်တည်တံ့မှုရှိစေရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစေရန် အခြေခံပြီးသင့်လျော်သည့် မြို့ပြ ဒီဇိုင်းတို့ကိုထည့်သွင်းရေးဆွဲထားသည့် စက်မှုဇုန် စီမံကိန်းတစ်ခုဖြစ်ပါသည်။
Amata Smart and Eco City ၏ Grand Opening ကိုထပ်မံကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။





