
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (SSIC)၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များနှင့် စပ်လျဉ်းသည့် လူထုသို့ အသိပေးဖြန့်ဝေခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတွင်းရေးမှူး၊ ဦးလေးနိုင် DICA ပြည်နယ်ဦးစီးမှူးမှ အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော သတင်း မီဒီယာများ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများမှ မေးမြန်းသော မေးခွန်းများအား သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ ပြန်လည် ဆွေးနွေးဖြေကြားခဲ့ပါသည်။
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း(SSIPP) ကိုရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (SSIC) က မတ်လ ၂၀၂၀တွင် တရားဝင်ထုတ်ပြန် ကြေညာခဲ့ပြီး(၂၀၂၀-၂၀၂၁) အတွက် နှစ်စဉ်လုပ်ငန်းစီမံချက် ရေးဆွဲခြင်းအား ဇွန်လ ၂၀၂၀ မှစ၍ ရှမ်းပြည်နယ်အတွင်းရှိ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော SSIPP လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီ(၆)ဖွဲ့မှ ပူးပေါင်း ရေးဆွဲခဲ့ပါသည်။ ယင်းနှစ်စဉ် စီမံချက်တွင် မဟာဗျူဟာ တစ်ခုချင်းစီအလိုက် ပါရှိသည့် ရည်ရွယ်ချက်များ အပေါ်အခြေခံပြီး အဖွဲ့/ဌာန တစ်ခုချင်းစီအလိုက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းလျာထားချက်များ၊ ဆောင်ရွက်မည့် အချိန်ကာလ၊ ခန့်မှန်းကုန်ကျစရိတ်/ ရံပုံငွေပမာဏနှင့် လုပ်ငန်းအလိုက်အောင်မြင်မှုရလဒ်ကို တိုင်းတာနိုင်မည့် အညွှန်းကိန်း စသည်တို့ဖြင့် အသေးစိတ် ဖော်ပြထားပါသည်။ ယင်းစီမံချက်ရေးဆွဲခြင်း လုပ်ငန်းစဉ်တွင် ဂျာမနီအစိုးရကိုယ်စား GIZ မှ ပံ့ပိုးကူညီပေးခဲ့ပါသည်။
နှစ်စဉ်လုပ်ငန်းစီမံချက် အကျဉ်းချုပ်အား ဖတ်ရှုလိုပါက-
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းနှင့်ပတ်သတ်၍အသေးစိတ်ဖတ်ရှုလိုပါက-
https://ssic.gov.mm/download/shan-state-investment-promotion-plan/


