ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၀)ကြိမ်မြောက်အစည်းအဝေးကျင်းပ

Print Friendly, PDF & Email

ဧရာဝတီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ၁၀/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင် ၄ ဦး တက်ရောက် ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် CMP စနစ်ဖြင့် ထုပ်ပိုးပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း တစ်ခုကို အတည်ပြုပေးခဲ့ပါသည်။