ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့်ဆောင်ရွက်လျှက်ရှိသော ဘားအံမြို့၊ ကရင်ပြည်နယ်ရှိ မော်တော်ယာဉ် (၂-ဘီးဆိုင်ကယ်၊ ၃-ဘီးစက်တပ်ယာဉ်နှင့်ကား) တပ်ဆင်ခြင်း၊ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသောPrecision Auto Engineering Co., Ltd. သို့ ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း  စစ်ဆေးရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။