ငှက်ပျော၊ ကြံစိုက်ပျိုးရေးကုမ္ပဏီများမှတာဝန်ရှိသူများအား ZOOM MEETING ဖြင့် တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်လျှောက်ထားနိုင်ရေးအတွက် ငှက်ပျော၊ ကြံစိုက်ပျိုးရေးကုမ္ပဏီများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၌ Zoom Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ အရာထမ်းများနှင့် ကချင်ပြည်နယ်ရှိ ငှက်ပျော၊ ကြံစိုက်ပျိုးရေး ကုမ္ပဏီများမှ လုပ်ငန်းရှင်များ စုစုပေါင်း (၁၇) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများက “ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်လျှောက်ထားခြင်း”၊ “မျိုးစေ့လိုင်စင်”၊ “စိုက်ပျိုးမြေအမျိုးအစားများ” စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။