
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများအတွက် ဖွင့်လှစ်ခဲ့သော အင်္ဂလိပ်စာ ကျွမ်းကျင်မှု သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်ရုံးချုပ်၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ GIZ Myanmar မှ Mr. Steffen Grammling နှင့် EDULINK မှ တာဝန်ရှိသူတစ်ဦးတို့မှ ထူးချွန်သင်တန်းသားများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ စုစုပေါင်း ၅၅ ဦး တက်ရောက် ခဲ့ပါ သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝန်ထမ်းများ အင်္ဂလိပ်စာကျွမ်းကျင်မှုမြင့်မား စေရန် ရည်ရွယ်၍ ယခုသင်တန်းအား GIZ အကူအညီဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသင်တန်းအား စုစုပေါင်း အရာထမ်း ၂၈ ဦး တက်ရောက်စေခဲ့ပါသည်။


